သင့်ရဲ့ဖွားဖက်တော်ဟာ ခန္ဓာကိုယ်ကနေ သီးခြားခွဲထွက်နေရတယ်လို့ ထင်ရပါတယ်။ ဒါပေမယ့် မဟုတ်ဘူးဆိုတာ သိမှာပါ။ ခန္ဓာကိုယ်မှာရှိတဲ့ အခြားကိုယ်အင်္ဂါအစိတ်အပိုင်းတွေနဲ့အတူ သွေး၊ အောက်စီဂျင်နဲ့ အဟာရဓာတ်တွေကို ဝေမျှသုံးစွဲနေရတာ ဖြစ်ပါတယ်။ ဒါ့ကြောင့် ခန္ဓာကိုယ်မှာ လိုအပ်ချက်တစ်စုံတစ်ရာရှိခဲ့မယ်ဆိုရင် ဖွားဖက်တော်မှာလည်း သက်ရောက်မှုရှိပါတယ်။ ဒါ့ကြောင့် သင့်ဖွားဖက်တော် ကျန်းမာသန်စွမ်းပြီး ကောင်းကောင်းအလုပ်လုပ်နိုင်ဖို့အတွက် နည်းလမ်းတစ်ချို့ကို ဝေမျှပေးလိုက်ပါတယ်။
၁။ ဘလက်ဘယ်ရီ စားသုံးပါ
ဘလက်ဘယ်ရီ၊ အဲဒါးဘယ်ရီတို့လို့ အနက်ရောင်ရှိတဲ့ စပျစ်မျိုးနွယ်ဝင်အသီးတွေမှာ လိင်တံထောင်မတ်မှုကို အားပေးလှုံ့ဆော်ပေးနိုင်တဲ့ အန်သိုစိုင်ရာနင် ဓာတ်တိုးဆန့်ကျင်ပစ္စည်းတွေ ပါဝင်ပါတယ်။
၂။ ဆေးလိပ်ဖြတ်ပါ
ဆေးလိပ်သောက်တတ်တယ်ဆိုရင် နှလုံးရောဂါ၊ လေဖြတ်တာ၊ အဆုတ်ကင်ဆာနဲ့ ဆီးအိတ်ကင်ဆာတွေ ဖြစ်နိုင်ချေရှိနေပါပြီ။ ဒါတွေအပြင် ပန်းသေပန်းညှိုးဖြစ်စေနိုင်တဲ့ သွေးကြောထိခိုက်မှုတွေနဲ့လည်း သက်ဆိုင်နေပါတယ်။ လေ့လာမှုတွေအရ တစ်ရက်လောက် ဆေးလိပ်မသောက်ဘူးဆိုရင်တောင် သင့်ဖွားဖက်တော်ရဲ့ စွမ်းဆောင်ရည်ကို (၄၀)ရာခိုင်နှုန်း တိုးတက်လာစေပါတယ်လို့ ဆိုထားပါတယ်။
၃။ အာရုံခံစားမှုအားကောင်းအောင် လုပ်ပါ
စိတ်ဖိစီးမှုတွေ များလာတဲ့အခါမှာ သွေးကြောတွေကို တောင့်တင်းစေတဲ့ အန်ဒရီလိုင်းဓာတ်တွေ ထွက်လာစေပါတယ်။ ဒီလိုဖြစ်တဲ့အခါမှာ ဖွားဖက်တော်လေး နိုးကြားထောင်မတ်မှုကို ထိခိုက်နိုင်ပါတယ်။ ဒါ့ကြောင့် စိတ်ဖိစီးမှုကို ပြေလျော့စေဖို့အတွက် အာရုံငါးပါးကို စူးစိုက်ပြီး လေ့ကျင့်ပေးပါ။ စိတ်တင်းမာမှုတွေ၊ စိတ်ဖိစီးစရာအတွေးတွေကို အတတ်နိုင်ဆုံး ဖြေဖျောက်ပါ။
၄။ အိပ်ရင် ဟောက်တတ်တဲ့အကျင့် ဖျောက်ပါ။
အိပ်စက်ရင် ဟောက်တတ်သူတွေရဲ့ ခန္ဓာကိုယ်အစိတ်အပိုင်းတွေမှာ အောက်ဆီဂျင်အလုံအလောက် မရတတ်ပါဘူး။ ဒါ့ကြောင့် ဖွားဖက်တော်မှာရှိတဲ့ တစ်ရှုးတွေ အောက်ဆီဂျင်အလုံအလောက်မရတဲ့အခါ နိုးကြားထောင်မတ်မှုကို အားနည်းစေနိုင်ပါတယ်။ ဟောက်တတ်တဲ့အကျင့်ကို ဖျောက်ဖို့အတွက် ခက်ခက်ခဲခဲ နည်းလမ်းတွေ စဉ်းစားမနေပါနဲ့။ ခေါင်းကို အမြင့်မှာထားပြီး အိပ်မယ်ဆိုရင် အဆင်ပြေပါတယ်။
၅။ အနက်ရောင် ချောကလက်စားပါ။
အနက်ရောင်ချောကလက်က နိုးကြားထောင်မတ်မှုအတွက် ဆေးတစ်လက်ပါ။ အနက်ရောင်ချောကလက်မှာ သွေးကြောတွေကို ကျယ်စေတဲ့ ဓာတ်ပစ္စည်းတွေ ပါဝင်တာကြောင့် နိုးကြားထောင်မတ်မှုကို အားပေးပါတယ်။ ဘယ်လောက်စားရမလဲဆိုရင် တစ်ရက်ကို ၁.၆ အောင်စလောက် စားပေးသင့်တယ်လို့ ဆိုပါတယ်။
၆။ ကိုယ်အလေးချိန် လျှော့ချပါ
သင့်ရဲ့ ခန္ဓာကိုယ်အလေးချိန် ညွှန်းကိန်း BMI ကို တွက်ချက်ပါ။ BMI က ၂၅ နဲ့ အထက်ဖြစ်နေမယ်ဆိုရင် သင့်ဖွားဖက်တော်နိုးကြားထောင်မတ်မှုက အပြည့်အဝမဟုတ်ဘူးဆိုတဲ့သဘောဖြစ်ပါတယ်။ ကိုယ်အလေးချိန်များတဲ့ ယောင်္ကျားတွေမှာ လိင်စိတ်ကိုနိုးကြွစေတဲ့ တက်စတိုစတီရုန်းကို အီစထရိုဂျင်အဖြစ် ပြောင်းလဲသွားတာကြောင့် ဖြစ်ပါတယ်။ ဒါ့ကြောင့် ကိုယ်အလေးချိန်ကို လျှော့ချဖို့ လိုအပ်ပါတယ်။
၇။ အပ်စိုက်ကုထုံး ခံယူပါ
သင့်ရဲ့ ဖွားဖက်တော်စွမ်းဆောင်ရည် တော်တော်ကျနေပြီလို့ ထင်နေရင် အပ်စိုက်ကုထုံးကို ခံယူကြည့်ဖို့ အကြံပြုချင်ပါတယ်။ အပ်စိုက်ကုထုံးတွေဟာ စိတ်ကြောင့်ဖြစ်တဲ့ ပန်းသေပန်းညှိုးကိစ္စတွေကို သက်သာပျောက်ကင်းစေနိုင်ပါတယ်။
၈။ တင်ပဆုံ ကြွက်သားတွေ သန်မာပါစေ
ပန်းသေပန်းညှိုးတာကို ကုသဖို့အကောင်းဆုံးနည်းလမ်းတွေထဲက တစ်ခုကတော့ သုတ်လွှတ်မစောအောင် ထိန်းဖို့ လေ့ကျင့်နည်းနဲ့ တူပါတယ်။ ဟုတ်ပါတယ်။ တင်ပဆုံအောက်ပိုင်း ကြွက်သားတွေကို လေ့ကျင့်ပေးဖို့ ဖြစ်ပါတယ်။ ဆီးသွားရင် ညစ်သလိုမျိုး ညစ်ပြီး လေ့ကျင့်ပေးနိုင်ပါတယ်။ နေ့စဉ်နေ့တိုင်း ခြောက်လကြာအောင် လေ့ကျင့်ပြီးရင် အခြေအနေကောင်းလာနိုင်ပါတယ်။
၉။ သောက်ဆေးတွေ မှီဝဲပါ
အထက်ပါနည်းလမ်းတွေနဲ့ အဆင်မပြေရင်တော့ သက်ဆိုင်ရာ ဆရာဝန်နဲ့ သွားရောက်ဆွေးနွေးပြသပြီး လိုအပ်တဲ့ဆေးဝါးတွေ မှီဝဲဖို့ လိုပါတယ်။
Source : Gentleman Magazine

0 Comments