ယောင်္ကျားအများစုက ကိုယ်ပိုင်ပစ္စည်းနဲ့ ပတ်သက်ပြီး စိတ်မလုံခြုံမှု ရှိကြပါတယ်။ တော်တော်များများက ကိုယ့်ရဲ့ ဖွားဖက်တော်အရွယ်အစားကို အလိုမကျဖြစ်နေကြပြီး ပိုမိုကြီးထားစေချင်ကြပါတယ်။ လိင်တံသေးသေးလိုချင်တယ်လို့ ဘယ်ယောင်္ကျားမှ ပြောမှာမဟုတ်ပါဘူး။ ဒီလို ပစ္စည်းပိုကြီးချင်တာနဲ့ ပတ်သက်ပြီး ဖြစ်နိုင်မဖြစ်နိုင်၊ ဈေးကွက်ထဲက လိင်တံကြီးထွားလာစေမယ့် ဆေးဝါးတွေ၊ ပစ္စည်းကိရိယာတွေကို တကယ်အသုံးဝင်မဝင်ဆိုတာကို ကျွမ်းကျင်ပညာရှင် ဆရာဝန်တွေရဲ့ မှတ်ချက်ကိုလေ့လာကြည့်သင့်ပါတယ်။
၁။ Pumps
လိင်တံကို ဖိအားပေးတဲ့ ပန့်မ်တွေက သင့်ပစ္စည်းရဲ့ အရှည်နဲ့လုံးပတ်ကို ကြီးလာစေနိုင်ပါတယ်။ ဘာကြောင့်လဲဆိုတော့ ပန့်မ်ရဲ့ဖိအားကြောင့် လိင်တံမှာရှိတဲ့ တစ်ရှုးတွေကို ဆွဲဆန့်သလိုဖြစ်ပြီး ယောင်ရမ်းလာစေတာကြောင့် ဖြစ်ပါတယ်။ ပန့်မ်လို ပစ္စည်းကိရိယာမသုံးချင်ဘူးဆိုရင်တော့ Jelqing လုပ်လို့ ရပါတယ်။ ဘယ်လိုလုပ်ရသလဲဆိုရင် သင့်ပစ္စည်းရဲ့အောက်ခြေကနေ ထိပ်ပိုင်းဆီကို လက်ချောင်းလေးတွေနဲ့ ဆွဲလှိမ့်ပေးတာဖြစ်ပါတယ်။
သတိပြုရန် – သင့်ပစ္စည်းကို တန်ဖိုးထားတယ်ဆိုရင်တော့ နားလည်တတ်ကျွမ်းတဲ့ဆရာဝန်ဆီကို သွားပြီး ဆေးဖက်ဆိုင်ရာ ထောက်ခံချက်ရထားတဲ့ ပန့်မ်ကိုပဲ သုံးပါ။
၂။ Stretchers
Stretchers တွေက လိင်တံရဲ့အလျားကို ရှည်လာစေနိုင်ပါတယ်။ ဒီကိရိယာကတော့ လိင်တံရဲ့ အဆုံးနဲ့ ထိပ်ပိုင်းကနေ တပ်ဆင်ပြီး လိင်တံတစ်ခုလုံးကို ဆွဲဆန့်ထားတာဖြစ်ပါတယ်။ နောက်ထပ်အကျိုးကျေးဇူး တစ်ခုက သင့်လိင်တံက တစ်ဖက်ဖက်ကို ကောက်နေတယ်ဆိုရင်လည်း ပြန်ဖြောင့်သွားစေနိုင်တာပဲ ဖြစ်ပါတယ်။ တစ်ခုဆိုးတာက Stretchers တွေကို ရက်ရှည်လများအသုံးပြုမှ ထူးခြားတဲ့ရလဒ်ကို ရနိုင်တာဖြစ်ပါတယ်။
သတိပြုရန် – နောက်ဆက်တွဲပြဿနာတွေအနေဲ့ လိင်တံအရေပြားဆုတ်ပြဲခြင်း၊ သွေးကြောအနေအထားပျက်ယွင်းခြင်း၊ အာရုံကြောထိခိုက်ခြင်းတို့ ဖြစ်နိုင်တာကြောင့် ဆရာဝန်ဆီသွားသင့်ပါတယ်။
၃။ သောက်ဆေးများ
လိင်တံအရွယ်အစားနဲ့ ပတ်သက်ပြီး စိုးရိမ်တတ်ကြတဲ့ အမျိုးသားတွေဟာ ကြာရှည်ထောင်မတ်နိုင်ခြင်း မရှိတဲ့ ပြဿနာလည်း ရှိတတ်ပါတယ်။ ဒါ့ကြောင့် မှန်ကန်တဲ့ဆေးဝါးတွေ သောက်သုံးပေးမယ်ဆိုရင်တော့ လိင်တံထောင်မတ်မှုကို ကြာရှည်စေနိုင်ပြီး အရွယ်အစားနဲ့ပတ်သက်လို့လည်း စိတ်ပူပန်မှုလျော့နည်းသွားနိုင်ပါတယ်။
သတိပြုရန် – အမျိုးသားထုရဲ့ (၅)ရာခိုင်နှုန်းလောက်ပဲ သာမန်အရွယ်အစားထက် သေးငယ်ကြတာဖြစ်ပါတယ်။ ဒါ့ကြောင့် သင့်ပစ္စည်းအရွယ်အစားနဲ့ ပတ်သက်ပြီးစိုးရိမ်စိတ်ကြောင့် အိပ်ရာထဲက စွမ်းဆောင်ရည်ကို ထိခိုက်မခံပါနဲ့။
၄။ အဆီဖယ်ထုတ်ခြင်း
သင့်ပစ္စည်းအရွယ်အစား သေးငယ်နေရခြင်းက အဆီပိုတွေများနေတာနဲ့လည်း သက်ဆိုင်ပါတယ်။ အမျိုးသားတစ်ချို့မှာ ဆီးခုံဝန်းကျင်တဝိုက်အဆီတစ်ရှုးတွေ များနေခြင်းကြောင့် လိင်တံကို တိုနေစေသလို ဖြစ်နေတတ်ပါတယ်။ ဒါ့ကြောင့် ဆီးခုံတဝိုက်က အဆီတွေကို ဖယ်ထုတ်တာက လိင်တံကို ပိုရှည်လာစေနိုင်ပါတယ်။ ဒါ့အပြင် အမွှေးအမျှင်ရိတ်ပေးတာကလည်း သင့်ပစ္စည်းကို ထင်ရှားပေါ်လွင်လာစေမှာ ဖြစ်ပါတယ်။
သတိပြုရန် – အဆီတွေဖယ်မထုတ်ခင်မှာ ကိုယ်အလေးချိန်လျော့ချတာ ပိုကောင်းပါတယ်။ ပိန်တဲ့လူဖြစ်ရင်တော့ အဆီဖယ်ထုတ်ဖို့ပဲ ကျန်ပါတော့တယ်။
၅။ ထိုးဆေးများ
လိင်တံအရွယ်အစားကြီးမားလာဖို့အတွက် အဆီထိုးဆေး၊ ဆီလီကွန်ထိုးဆေးတွေ အများကြီးရှီပါတယ်။ အဆီထိုးသွင်းတာက ယာယီအခိုက်အတန့်သာ ခံပါတယ်။ ဆီလီကွန်ထိုးဆေးတွေကတော့ လိင်တံမှာ အဖုအထစ်တွေဖြစ်စေနိုင်သလို အရေပြားကို စားသွားတာမျိုး ဖြစ်တတ်ပါတယ်။
သတိပြုရန် – ဒီလိုမလုပ်ခင်မှာ သေချာစဉ်းစားပါ။
Source : Gentleman Magazine

0 Comments