၁။ဆိတ်ရိုး


(ခြင်ဆီကိုတိုးပွားစေ၍ သုတ်ခမ်းသုတ်ကျဲရောဂါကို ပျောက်ကင်းစေသည်။)


၂။ ဆိတ်လိင်ဥ


(လူလိင်ဥ၏ လုပ်ဆောင်နိုင်စွမ်းအားကိုတိုးမြင့်စေ၍ အထွေထွေသောကာမကိစ္စတို့ကို အကျိုးပြုသည်)


၃။ စာကလေး


(သုတ်လွှတ်မြန်ခြင်းကိုပျောက်ကင်းစေသည်)


၄။ ခိုသား


(သုတ်အားမကြာခဏ ပြန်လည်ပြည့်စေသည်)


၅။ ဦးဏှောက်အမျိုးမျိုး


(လူကိုဝဖြိုးစေသည်။ သုတ်နှင့်နို့ကိုပွားစေသည်)


၆။ ဂျူးမြစ်


(လိင်တံအကြောများကိုသန်မာစေသည်။ သုတ်လွှတ်မြန်ခြင်း အိပ်မက်၌ယောင်၍သုတ်ထွက်ခြင်း ရောဂါများကို ပျောက်ကင်းစေသည်)


၇။ ကြွက်နားပေါင်းရွက်


(နှုတ်ကိုမြိန်စေသည်။ သုတ်ကိုအလွန်ပွားစေသည်။ သုတ်ရည်တစ်စက်စက်ကျဆင်းသောရောဂါ သုတ်လွှတ်မြန်ရောဂါများကို ပျောက်ကင်းစေသည်။)


၈။ ကညွတ်


(သုတ်ကိုပွားစေသည်။ လိင်တန်အကြောများကို သန်မာစေသည်။ ကာမအားကိုဖြစ်စေသည်)


၉။ ကျွဲခေါင်းသီး


(သုတ်ကိုအလွန်ပျစ်နှစ်စေသည်။ သုတ်အားမကြာခဏပြန်ပြည့်သည်)


၁၀။ ဝက်မြေစာဥ


(သုတ်ကိုအလွန်ပျစ်နှစ်စေသည်။ သုတ်အားမကြာခဏပြန်ပြည့်သည်)


၁၁။ဒိန်ချဉ်


(သုတ်ကိုပွားစေသည်။ ကုန်ခမ်းသွားသောကာမအားကို အလျင်အမြန်ဖြည့်တင်းပေးသည်။)


၁၂။ကြစုသီး


(အာယုဝဍ္ဎန အသက်ရှည်ဆေးဘက်ဝင်ဖြစ်သည်)


၁၃။ ပဲစဉ်းငုံ


(ကာမလွန်ကဲ၍ဖြစ်သော ပင်ပန်းခြင်းကိုပျောက်စေသည်)


၁၄။ စွံပလွန်သီး


(ကာမဆန္ဒအားကိုတိုးပွားစေသည်။ အချိန်ကြာမြင့်စွာ လိင်ဆက်ဆံနိုင်စွမ်း ရှိလာစေသည်။)


၁၅။ သီဟိုစေ့


(စားသောက်ပြီး ၂နာရီအကြာတွင် သုတ်အားတိုးလာစေသည်။ သုတ်ပျစ်နှစ်စေသည်။)


၁၆။ ဗာဒံစေ့


(စားသောက်ပြီး ၂နာရီအကြာတွင် သုတ်အားတိုးလာစေသည်။ သုတ်ပျစ်နှစ်စေသည်။)


၁၇။ ဖီးကြမ်းငှက်ပျော


(အမှည့်ပျော်ပျော်ကို ပျားရည်နှင့်စားပါက ပန်းသေပန်းညိုးရောဂါပျောက်ကင်းသည်။)


၁၈။ ရုံးပတီသီး


(လိင်တန်ပျော့ခွေခြင်းကို ပျောက်ကင်းစေသည်)


၁၉။ ရွှေကစွန်းဥ


(သုတ်နှင့်နို့ကိုပွားစေသည်။ ကိုယ်ဝန်ကိုတည်မြဲစေသည်)


၂၀။ မြင်းခွာရွက်


(ကာမလွန်ကဲမှုကြောင့်ဖြစ်သော ညောင်းညာကိုက်ခဲခြင်းကို ပျောက်ကင်းစေသည်)


၂၁။ ငါးရံ့ပတူရွက်


(ကာမလွန်၍ဖြစ်သော ကိုယ်လက်ပမ်းခြင်း ချည့်နဲ့ခြင်းကို ပျောက်ကင်းစေသည်)


၂၂။ စပျစ်သီး


(ကာမလွန်၍ဖြစ်သော မောဟိုက်မူးဝေခြင်း နှလုံးတုန်မောပမ်းခြင်းကို ပျောက်ကင်းစေသည်)


၂၃။ တရုတ်စကားပွင့်အနီ


(ကာမလွန်ကဲ၍ဖြစ်သော ကိုယ်လက်ကိုက်ခဲခြင်း မူးဝေခြင်းများကို ပျောက်စေသည်)


၂၄။ ကြက်သွန်ဖြူဥ


(ကာမဆက်ဆံလိုသောဆန္ဒကို မကြာခဏဖြစ်စေသည်။ အိန္ဒိယ၌ ဆာဒူးယောဂီများသည် သမထကျင့်နေစဉ် ကာမဆန္ဓမဖြစ်စေရန်အတွက် ကြက်သွန်ဖြူကိုရှောင်ကျဉ်ရသည်)


၂၅။ ကြိတ်မှန်ရွက်


(အမျိုးသမီးများအတွက် အကောင်းဆုံးသွေးသား သန့်စင်ဆေးဖြစ်သည်။ မီယပ်ရောဂါအမျိုးမျိုး၊ အသားအရေ ညိုညစ်ခြင်း ကြမ်းတမ်းခြင်း၊ ဓမ္မတာထိန်ခြင်း ချုပ်ခြင်း ကျန်ခြင်း လွန်ခြင်း မမှန်ခြင်း၊ ဆင်ဝက်ခြံများ တင်းတိတ်များ အမည်းစက်များ အသားသီးများထွက်ခြင်း၊ မျက်ကွင်းညိုခြင်း မျက်တောင်ကျွတ်ခြင်း နှုတ်ခမ်းပြာခြင်း ဆံပင်ကျွတ်ခြင်း၊ ကိုယ်ဝန်အဆိပ်တက်ခြင်း၊ ကိုယ်ဝန်မရခြင်း မြုံခြင်း၊ အစရှိသော အမျိုးသမီးကိစ္စအဝဝတို့အတွက် အလွန်အစွမ်းထက်သော အပင်ဖြစ်ပါသည်။)